Related Posts Plugin for WordPress, Blogger...

2015/04/01

မဟာသက္ကရာဇ်​နှင့်​ ​ကောဇာသက္ကရာဇ်


       မဟာ သက္ကရာဇ် နှင့် ကောဇာသက္ကရာဇ် အကြောင်းလေး ကို ဗဟုသုတအနေ နှင့် ကျွန်တော် တင်ပေးလိုက်ပါတယ်ဗျာ........
      - မဟာသက္ကရာဇ် ဟူသည်မှာ မြတ်စွာဘုရား သက်တော်ထင်ရှား ရှိစဉ်က သုံးသော သက္ကရာဇ် ဖြစ်  
        သည်။
၎င်းမှာ မြတ်စွာ ဘုရား၏ ဘိုးတော် အဉ္စနမင်းကြီးက ဒိဗ္ဗစက္ခု အဘိညာဉ်ရ ဒေ၀ီလရသေ့နှင့်
        တိုင်ပင်၍  ရှေးရှေးသက္ကရာဇ် ၈၆၄၇-နှစ်မှ ၈၆၄၅-နှစ်ကို ဖြို၍ ၂-ခုကြွင်းထားခဲ့သော သက္ကရာဇ် ဖြစ်
        သည်။
        ယင်း မဟာ သက္ကရာဇ် ၆၈-ခုနှစ်တွင် ဘုရားအလောင်း သိဒ္ဓတ္တ မင်းသားကို ဖွားတော်မူ၍
        ဘုရားဖြစ်ပြီးနောက်    မဟာသက္ကရာဇ်  ၁၄၈-ခုနှစ်တွင် ပရိနိဗ္ဗာန် စံတော်မူသည်။

       -ယင်းမဟာသက္ကရာဇ်က မြတ်စွာဘုရား  ပရိနိဗ္ဗာန်စံတော်မူပြီးနောက် ပထမသံဂါယနာတင်၍
        သာသနာနှစ် အဖြစ် ပြုရန် မဟာသက္ကရာဇ် ကိုဖျက်၍ (ဖြို)၍ သာသနာနှစ် တစ်နှစ်မှ စ၍ အသုံးပြု
        ခဲ့သည်။ ယင်းသာသနာနှစ် ၆၂၄-သို့ရောက်သောအခါ မြန်မာနိုင်ငံ သရေခေတ္တရာပြည် သုမုန္ဒရီမင်း
        လက်ထက် ဒေါဒေါရသ ၆၂၂ -နှစ်ကို ဖြို၍ ၂-ခုကြွင်း ထားခဲ့ပြန်သည်။ ယင်းကို ကောဇာသက္ကရာဇ်
        ဟု ဆိုသည်။

       - ယင်းမှ တိုးပွားလာသော ၅၆၂-နှစ်သို့ရောက်သောအခါ ပုဂံပြည် ပုပ္ပါးစောရဟန်းမင်း လက်ထက်
        ခန်းဆပဉ္စ( ၅၆၀ )နှစ်ကိုဖြို၍ ၂-ခုကြွင်းထားလျက် သုံးစွဲခဲ့လေသည်။ ထိုခေတ် ၂-ခုမှ တိုးတက်
        လာသော ယနေ့ ၁၃၇၆ -ခုနှစ် အထိ သက္ကရာဇ်မှာ မိတ်ဆွေတို့ သိချင်သော မြန်မာသက္ကရာဇ်ဖြစ်
        ပါသည်။

        - နှစ်ကြိမ်ဖြို ၆၂၂-ခုနှစ်နှင့်၊ ၅၆၀-ခုနှစ် ကိုပေါင်းကြည့်လျှင် ၁၁၈၂-ခုနှစ် ဖြစ်သည်။ ၎င်းနှင့် ယခု
         ရောက်ဆဲ ၁၃၇၆ ခုနှစ် ကိုပေါင်းသော် ၂၅၅၈-ခုနှစ်ဖြစ်သည်။ သာသနာနှစ် ဖြစ်သည်။ ထို့ကြောင့်
         တစ်တစ်ရှစ်နှစ်၊ သက္ကရာဇ်၊ ပေါင်းလစ် သာသနာ-ဟူသော ဆောင်ပုဒ်ဖြင့် သာသနာတော်နှစ်ကို
         အလွယ်တကူ သိနိုင်ပေသည်။

0 comments:

Post a Comment

ကျနော့်ရဲ့ အိမ်ကလေးကို လာရောက်ကျတဲ့ မိတ်ဆွေ သူငယ်ချင်းများ အနေဖြင့် တစုံတရာ ရရှိခဲ့မယ်ဆိုရင် အတိုင်းမသိ
ဝမ်းသာပါတယ်ဗျာ ။ လိုအပ်ချက်များနဲ့  အကောင်း အဆိုး တစုံတရာကို အားဖြည့်ပေးသည့်အနေဖြင့် မိတ်ဆွေတို့ ရဲ့
ခြေရာလေးများအဖြစ် ရေးသားပေးခဲ့ကြပါလို့ 

Blogger Tips and TricksLatest Tips And TricksBlogger Tricks
Blogger Tips and TricksLatest Tips And TricksBlogger Tricks Related Posts Plugin for WordPress, Blogger...
My Blogger TricksAll Blogger TricksTechtunes

© 2015 A2A ONLINE SHARING, AllRightsReserved.

Designed by သုတ​ဇော်