==================
ယခုကမ္ဘာလောကမှာရှိသည့် စာအုပ်အားလုံးသည်
အရင်းစစ်လျင် လောက၏အကြောင်းကို အမျိုးမျိုးမှတ်
သားချက်များသာဖြစ်ပေသည်။ ထိုမှတ်သားချက်များကို
ရေးသားသူများ၏အာဘော်၊ ၎င်းတို့ရေးရာဒေသ၊ ရေးသည့်
အချိန်ကာလစသည်တို့ကို ကြည့်၍ဝေဘန်ပြီးလျင် လောက
အလုပ်ဝတ္တရားတွင်သုံးဆွဲတက်မှသာ စာတက်အမှန် ဖြစ်ပေသည်။
အကယ်၍စာမတက်သူသည် လောကအမှတ်အသားကောင်းမွန်၍
နေရာချတက်ပါလျင် စာတက်နေရန်မလိုချေ။ ထို့ကြောင့်ပင် မက်ဆိုလိုနီက
၎င်း၏အတ္ထုပ္ပတ္တိတွင် ကျွန်ုပ်ဖက်ခဲ့သောအကြီးဆုံးစာအုပ်ကား
ကျွန်ုပ်နေခဲ့ နေဆဲသောလောကကြီးပင်တည်း ဟုရေးသားထားသည်။
ထိုကဲ့သို့စာအုပ် စာပေမှကျော်လွန်သောပညာကို အဘယ်မှာရအံ့နည်း။
ထိုပညာစစ်ကိုရရန် လွတ်လပ်စွာ တွေးတော ပြောဆိုဆွေးနွေး လုပ်ကိုင်
လိုသော စိတ်ဓါတ်ကို မွေးရန်လို၏။ ဤအချက်ကို ပညာရေးကျွမ်းကျင်သော
ပုဂ္ဂိုလ်များက Academic Freedomo ပညာရေးလွတ်လပ်ခွင့်ဟုခေါ်ဆိုကြ၏။
ဤအချက်ကား ကမ္ဘာ့ရာဇ၀င်ကို တစ်မျိုးတစ်မည်ပြောင်းလဲစေသည့် ရီနေဆန်နှင့်
ရီဖောင်မေးရှင်းခေါ် ခေတ်သစ်ဝါဒ၊ လောကဓါတ်ပညာ ပြန့်ပွားရာအကြောင်းရင်းတည်း။
ဤအချက်ကား ကျွန်ုပ်တို့၏ ဂေါတမဘုရားသခင်ဟောကြားသော ကာလာမသုတ္တန်
သဘောအရပင်တည်း။ ။
(ဗိုလ်ချုပ်အောင်ဆန်း၏စာပေလက်ရာ နှာ-၉၀မှ)
0 comments:
Post a Comment
ကျနော့်ရဲ့ အိမ်ကလေးကို လာရောက်ကျတဲ့ မိတ်ဆွေ သူငယ်ချင်းများ အနေဖြင့် တစုံတရာ ရရှိခဲ့မယ်ဆိုရင် အတိုင်းမသိ
ဝမ်းသာပါတယ်ဗျာ ။ လိုအပ်ချက်များနဲ့  အကောင်း အဆိုး တစုံတရာကို အားဖြည့်ပေးသည့်အနေဖြင့် မိတ်ဆွေတို့ ရဲ့
ခြေရာလေးများအဖြစ် ရေးသားပေးခဲ့ကြပါလို့ 