တို့သာသနာ ဓွန့်ရှည်ကြာဖို့
==============
အမျိုးဘာသာ၊ သာသနာတွက်၊ ပညာပြည့်ဝ၊ စိတ်ထားလှဖြင့်၊
တို့သာသနာ၊ ဓွန့်ရှည်ကြာဖို့၊ ကျရာကဏ္ဍ၊ ကျေပွန်ကြလော့။
ဟိုယခင်က၊ တစ်ချိန်ကလျင်၊ ဗုဒ္ဓရောင်ဝါ၊ သာသနာသည်၊
ကမ္ဘာတစ်လွှား၊ ထွန်းပြန့်ပွါးခဲ့။
ခုများကာလ၊ မြတ်ဗုဒ္ဓ၏၊ ထေရ၀ါဒ၊ သာသနာသည်၊
အိပ်ကာမောကာ၊ မနိုးရှာမီ၊ ဘာသာခြားတွေ၊ နိုးနေပြီ။
အို-ဆွေမြန်မာ၊ မြန်မာဗုဒ္ဓ၊ စည်းလုံးကြလော့၊
သုဓမ္မာလား၊ ရွှေကျင်လားကွယ့်၊ ခွဲခြားဘို့ရာ၊ မဟုတ်ပါဘူး။
မဟာစည်လား၊ မိုကုတ်လားကွယ့်၊ ဘုရား၏၊ မူအတူတူတည့်။
ကြည်ဖြူစိတ်ထားဗုဒ္ဓသားတည့်။
ဘုရားမြတ်စွာ၊ သာသနာတွက်၊ ဆရာဒကာ၊ ညီညွတ်စွာဖြင့်၊
ကမ္ဘာအနှံ့၊ သာထွန်းပြန့်ဖို့၊ ခြေဆန့်လို့သာ၊ ဆောင်ရွက်ပါစို့။
အိပ်ကာစားကာမနေပါနှင့်၊ ပျော်ကာပါးကာမနေပါနှင့်၊
တို့သာသနာဤကမ္ဘာ၊ရှည်ကြာအဓွန့် တည်စေဖို့။ ။
2014/11/25
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment
ကျနော့်ရဲ့ အိမ်ကလေးကို လာရောက်ကျတဲ့ မိတ်ဆွေ သူငယ်ချင်းများ အနေဖြင့် တစုံတရာ ရရှိခဲ့မယ်ဆိုရင် အတိုင်းမသိ
ဝမ်းသာပါတယ်ဗျာ ။ လိုအပ်ချက်များနဲ့  အကောင်း အဆိုး တစုံတရာကို အားဖြည့်ပေးသည့်အနေဖြင့် မိတ်ဆွေတို့ ရဲ့
ခြေရာလေးများအဖြစ် ရေးသားပေးခဲ့ကြပါလို့ 