Related Posts Plugin for WordPress, Blogger...

2014/11/19

ပါကြီး အရှုပ်တော်ပုံ

"ပါကြီး အရှုပ်တော်ပုံ"

ပါကြီး ကို ပထမတုန်းက တော့ အလွတ် သတင်းထောက်တဲ့... အဲဒါနဲ့ ပြည်တွင်းပြည်ပ သတင်းသမားတွေက အစ ပါကြီး အတွက် ဆန္ဒတွေထပြသူနဲ့ ကန့်ကွက်ရှုတ်ချသူနဲ့.... စုံလို့... စိလို့....
အဲ... ပါကြီးက သတင်းထောက်ဆိုရင်.... ဘယ်သတင်းဌာနတွေမှာ ဘာသတင်းတွေရေးခဲ့သလဲ ဘယ်လို သတင်းတွေ ရေးနေသလဲ.. သူရေးခဲ့တဲ့ သတင်းတွေကို... ပြပါဆိုတော့...
ရိုးရိုး သာမန်ပြည်သူတဲ့...
အဲဒါနဲ့ မျက်မြင် သက်သေ တစ်ဦးဖြစ်တဲ့ ရွှေဝါချောင် ကျောင်းထိုင် ဆရာတော်ကြီးက ဘုန်းကြီးကျောင်းနဲ့ ဘုရားကို အကာအကွယ် ယူပြီး စစ်တပ်ကို လာပစ်သွားတဲ့ DKBA က စောဆန်းအောင် နဲ့ တစ်ဖွဲ့တည်း ပါလာတဲ့သူ စောဆန်းအောင်ခိုင်း တဲ့ အတိုင်း လိုက် လုပ် နေတဲ့ သူဆို ပြန်တော့...

လက်နက် ကိုင် သောင်းကျန်းတဲ့ သူ ဖြစ်ပါစေ အုန်း မသတ်သင့်ဘူးတဲ့လေ...
အဲဒီလိုပဲ... အလောင်းကို ပြန်မရ ခင်၊ ပြန်ဖော်ခွင့်မရ ခင်တုန်းက ခြောက်ပစ်ကင်း သဲလဲ စင်... အပြစ် ကင်းစင်နေတဲ့ သူတော် ကောင်း ပါကြီးကို စစ်တပ်က အလကားနေ အလကား လက်ယားပြီး ညှင်းပန်းနိပ်စက် သတ်ဖြတ်ပြီး အလောင်းကို ဖျောက်ဖျက်ပစ်သလိုလို... စွပ်စွဲခဲ့ကြတယ်...
အဲ... အလောင်း လဲ ပြန်ဖော်ခွင့် ရရော... အစိုးရက ဖော်မှာကို သူတို့က အခန့်သား ကိုယ့်ဟာကိုယ်မပြီး (ကိုယ့်အသုံးအဆောင်ပစ္စည်း ကိုယ်မပြီး) လိုက်ရမှာကို ပါကြီး ဇနီးရဲ့ ရှေ့နေ က ဘာပြောလဲ ဆိုတော့ အချိန် နည်းတယ်တဲ့... ပြင်ဆင်ချိန် မရှိအောင် သက်သက် လုပ်တာတဲ့လေ...
ပြန်လဲ ဖော် ရော အလောင်း တောင် မြေပေါ်မ ရောက် သေးဘူး ဗရမ်းဗတာ နဲ့ မီဒီယာတွေဆီကို လှမ်းပြီး ပြောတာက... ထုထောင်း ရိုက်နှက်လို့ သေတာပါတဲ့...
တကယ်ပါ... မြန်မာပြည်က ခွဲစိတ်စစ်ဆေးပြီးမှ အဖြေကို သိရတဲ့ ခပ်တုံးတုံး ခပ်အအ အလောင်းစစ်ဆေးတဲ့ ပါရဂူတွေ အလောင်းတောင် မြေပေါ် တ၀က်တပြတ်ပဲ ရောက်သေးတာကို ဘယ်လို သေတယ် ဘာကြောင့် သေတယ်လို့ တပ်အပ် ပြောနိုင်တဲ့ သူတို့ ဆီက ပညာတွေ ပြန်သင် ယူသင့်တယ်...
အလောင်း စစ်ဆေးတဲ့ ပါရဂူတွေက စစ်ဆေးပြီး ပြောပြသင့် သလောက် ပြောပြ တော့လည်း... ၁ လကြာ ပြီးမှ ဖော်ခဲ့တဲ့ ရွံတွေ ပေနေတဲ့ အလောင်းကိုပဲ မြင်ခဲ့တဲ့ သူတို့က ခွဲစိတ်ပြီး စစ်ဆေးခဲ့တဲ့ ပါရဂူတွေထက် ပိုသိ ပိုတတ်သလို လုပ်နေကြပြန်ရော...
ကျည် ဒဏ်ရာ ၅ ခု တွေ့တယ်လည်း ပါရဂူတွေက ဆို ရော... ထုထောင်း ရိုက်နှက် ခဲ့ပါတယ်ဆိုပြီး ဗရမ်းဗတာ စွပ်စွဲခဲ့တဲ့ သူတို့ ရဲ့ စွပ်စွဲမှုတွေကို တာဝန်ယူမှု မရှိတဲ့ အပြင်... ခြေထောက်နဲ့ ပေါင်မှာ မှန်တဲ့ သေနတ် ဒဏ်ရာကို မမေးပဲ... မေးစေ့ အောက်ကို ဘာလို့ သေနတ်မှန်ရတာလဲတဲ့လေ... ဟင်းးး...
အဲဒီလိုတွေ ပြောပြန်တော့လဲ မစာနာဘူး... မင်းဆွေမျိုးတွေ ဒီလိုဖြစ်ရင် ဘယ်လိုခံစားရမလဲ ဘာညာနဲ့... ပြောကြပြန်အုန်းမယ်... သူ့အသက် ကိုယ့်အသက် လုနေကြတဲ့ စစ် ဆိုတဲ့ သဘောတရားကို နားလည်တာမို့ အဲဒီလို ပြောတဲ့ သူတွေကို အပြတ်သား ဆုံး ပြောချင် တာက ကိုယ့် ဆွေမျိုး... ကိုယ့် မောင်နှမ သားချင်း က ပါကြီးလို မျိုး ဖြစ် လာရင် ခံပေါ့ လို့ပဲ ပြောချင်တယ်... (ပါလဲ မပါပါဘူး)
ဟုတ်တယ်လေ.... စစ်ပွဲမှာ မီဒီယာ၊ ကြက်ခြေနီ တို့ကို အရေခြုံပြီး အသုံးမပြုရဘူးဆိုတာ ဂျီနီဖာ ကွန်ဗင်းရှင်းမှာ ပါပြီးသားပါ...
အဲဒီ အတွက် မီဒီယာ အရေခြုံထားတဲ့ သူကို သတင်း အတိအကျရလို့ ဖမ်းစစ်တယ်... စစ်တော့ တပ်ဆီကနေ အလစ်အငိုက် ဖမ်းပြီး ပြသနာရှာတဲ့ အနေနဲ့ သိမ်းသွားတဲ့ လက်နက်တွေထဲက လက်နက် ၃ လက် ပြန်ရတယ်...
သူဟာ ပဋိပက္ခ ဖြစ်နေတဲ့ နယ်မြေအတွင်းက သူလျှိုသတင်းထောက်.... တရားခံ တစ်ယောက် ဆိုတာ ပြီပြင် လာတဲ့အချိန်မှာ သိမ်းသွားတဲ့ နောက်ထပ် သေနတ်တွေ ပြန်ရဖို့ ထပ်စစ်ကြမယ်...
အဲဒီမှာ အခြေအနေ မဟန်တော့လို့ အစောင့်စစ်သား ဆီက သေနတ်လု... ထွက်ပြေးဖို့ ကြိုးစားတယ်... အဲဒီလို လူကို ပစ် မဖမ်းလို့ ဆီပုလင်းခါးချိတ်ပြီး ပြန်လာပါကွယ် လို့ ပြောပြီးဖမ်းရမှာလား???
စစ်ရေး စစ်ရာ တွေကို စစ်သားတွေ ထက် နားလည်နေကြတဲ့ သူကြီးတွေရယ်... စစ်သားတွေကို စစ်သင်တန်း ပြန်သင်ပြပေးကြပါအုန်း!!

Ya Zar Doe

0 comments:

Post a Comment

ကျနော့်ရဲ့ အိမ်ကလေးကို လာရောက်ကျတဲ့ မိတ်ဆွေ သူငယ်ချင်းများ အနေဖြင့် တစုံတရာ ရရှိခဲ့မယ်ဆိုရင် အတိုင်းမသိ
ဝမ်းသာပါတယ်ဗျာ ။ လိုအပ်ချက်များနဲ့  အကောင်း အဆိုး တစုံတရာကို အားဖြည့်ပေးသည့်အနေဖြင့် မိတ်ဆွေတို့ ရဲ့
ခြေရာလေးများအဖြစ် ရေးသားပေးခဲ့ကြပါလို့ 

Blogger Tips and TricksLatest Tips And TricksBlogger Tricks
Blogger Tips and TricksLatest Tips And TricksBlogger Tricks Related Posts Plugin for WordPress, Blogger...
My Blogger TricksAll Blogger TricksTechtunes

© 2015 A2A ONLINE SHARING, AllRightsReserved.

Designed by သုတ​ဇော်