Related Posts Plugin for WordPress, Blogger...

2014/11/20

ဝန်ထမ်းများ၏ တာဝန်


 ဝန်ထမ်းများ၏ တာဝန်
     ××××××××××××
ငါတို့ရလာ သာသနာနှင့်
ဘာသာလူမျိုး ဗီဇရိုးအား
ညှိုးခြင်း မှိန်ခြင်း တိမ်ကောခြင်းမှ
ကင်းလွတ်ရအောင်
ငါ့အစထား သင်ကားအပါ လူများစွာတွင်
တာဝန်ကိုယ်စီရှိကြသည်ချည်း တစ်နည်းနည်းပင်။

ထိုသို့ရှိလျင် သင်သည်သင့်ခန်း
သင်တက်ကျွမ်းရာ သင့်ပညာဖြင့်
ဆင့်ကာတိုးမြှင့် မြတ်ကိုယ်ကျင့်ဖြင့်
သင့်ရှေ့စော်ကား မျိုးဖျက်များ ဖယ်ရှားသင့်ပါပြီ။
ငါလျင်ငါ့ကျွမ်း ငါ့အခန်းကို
အစွမ်းထက်မြတ် ပညာစက်တွင်
ဖြည့်စွက်သိက္ခာ စောင့်စည်းရာဖြင့်
လာသော်ကာကွယ် ရွယ်သော်ဟန့်တား
ချိုးဖျက်အား တိုးထားပြီးပါပြီ။
သင်လျင်သင့်ခန်း ငါငါ့ခန်းနှင့်
အခန်းများစွာ ပြည့်ဝန်တာကို
ကျရာဆစ်ပိုင်း သူငါဝိုင်းမှ
ဒို့တိုင်းဒို့ပိုင် ဒို့သာကိုင်ဖြင့်
နိုင်ငံလူမျိုး ဂုဏ်မညှိုး
တန်းဖိုးလက်ပြည့် ရှိပါမည်။
အကယ်၍သာ
သူငါမဝိုင်း မပိုင်းတာဝန်
ကျေပွန်မရှိ အေးတိအေးစက်
ဘေးထွက်ပျော်ချော် တော်သလိုနော်
ပျော်လိုနေက
ခုနေသင်ကိုင် သူပိုင်နက်ဖြန် လက်ပြောင်းလှန်မည်
အဆံလည်းကငိး နှံလည်းယွင်း
ညံ့ဖျင်းမျိုးဆုံး တုံးရော့မည်။
မဟာဗောဓိမြိုင်ဆရာတော်

0 comments:

Post a Comment

ကျနော့်ရဲ့ အိမ်ကလေးကို လာရောက်ကျတဲ့ မိတ်ဆွေ သူငယ်ချင်းများ အနေဖြင့် တစုံတရာ ရရှိခဲ့မယ်ဆိုရင် အတိုင်းမသိ
ဝမ်းသာပါတယ်ဗျာ ။ လိုအပ်ချက်များနဲ့  အကောင်း အဆိုး တစုံတရာကို အားဖြည့်ပေးသည့်အနေဖြင့် မိတ်ဆွေတို့ ရဲ့
ခြေရာလေးများအဖြစ် ရေးသားပေးခဲ့ကြပါလို့ 

Blogger Tips and TricksLatest Tips And TricksBlogger Tricks
Blogger Tips and TricksLatest Tips And TricksBlogger Tricks Related Posts Plugin for WordPress, Blogger...
My Blogger TricksAll Blogger TricksTechtunes

© 2015 A2A ONLINE SHARING, AllRightsReserved.

Designed by သုတ​ဇော်