Related Posts Plugin for WordPress, Blogger...

2014/11/20

နှိုးဆော်ပါသည် မြန်မာပြည်


နှိုးဆော်ပါသည် မြန်မာပြည်
×××××××××××××××
ယခင်တစ်ခေတ် ပြန်လှန်စစ်သော်
အာရှသမိုင်း ရာဇဝင်ပိုင်းမှာ
တို့မျိုးဘာသာ သာသနာသည်
နေလိုလလို လင်းဖူးသည်။


ယခုမူကား ထိုနေလအား

တိမ်းမည်းတစ်သုတ် ဝါးမျိုအုပ်၍
အာရှတစ်လွှား သာသနာကားကွယ်ချေပြီ။



လာအိုမြန်မာ သီရိလင်္ကာ

ထိုင်းနှင့်ခမာ ကျန်ရှိရှာပေါ့
သို့ပါသော်ငြား ထိုနယ်များမှာ
မိစ္ဆာယူမှား ဘာသာခြားတို့
တစ်စတစ်စ ဝါးမျိုပြီ။


အို...အမျိုးကောင်းသား တိုင်းရင်းသားတို့

ညီညွတ်ကြဖို့ လိုနေပြီ
စည်းလုံးကြဖို့ ချိန်တန်ပြီ။     ။
သဲဦးမောင်(ပျော်ဘွယ်)



သမိုင်းပေးတာဝန် ကျေရအောင်

×××××××××××××××××
သမီးသားထွေး ကြီးပွါးရေးနှင့်
စီးပွါးရေးရာ နောက်လိုက်ပါရင်း
ကျောင်းတွင်းဝိဟာ ဘာသာဖြေးဖြေး
ခွါကာပြေးရင်း
ဘာသာရေးလည်း ဝေးခဲ့ပေါ့။


ခင်မင်မှုဖက် စိတ်ကွက်မငြီး

မြေကြီးဖဲ့ဝေ အနီးနေလျက်
စီးပွါးဖက်ပြု အားနာမှုနဲ့
သမီးလည်းပေး သွေးလည်းအေးကာ
မတွေးမဆ နေခဲ့ကြရင်း
အမျိုးသားရေးလည်း ဝေးခဲ့ပေါ့။


တို့အမျိုးသား သွေးချင်းများတို့

နောက်သို့မျှော်မှန်း ကြည့်လိုက်စမ်းပါ
တို့ဘိုးဘွားမွေ တို့ရဲ့မြေမှာ
တို့ဘာသာချင်း တို့သွေးချင်းသာ
ပျူငှာချစ်ခင် ဒီဖြစ်အင်မျိုး
ဘိုးဘွားလက်ထက် တိုးပွားလျက်နှင့်
တို့ခေတ်တွင်မှ ညံ့မည်လော။   ။
တမာမြေကိုအောင်(ဓမ္မရောင်စဉ်)

0 comments:

Post a Comment

ကျနော့်ရဲ့ အိမ်ကလေးကို လာရောက်ကျတဲ့ မိတ်ဆွေ သူငယ်ချင်းများ အနေဖြင့် တစုံတရာ ရရှိခဲ့မယ်ဆိုရင် အတိုင်းမသိ
ဝမ်းသာပါတယ်ဗျာ ။ လိုအပ်ချက်များနဲ့  အကောင်း အဆိုး တစုံတရာကို အားဖြည့်ပေးသည့်အနေဖြင့် မိတ်ဆွေတို့ ရဲ့
ခြေရာလေးများအဖြစ် ရေးသားပေးခဲ့ကြပါလို့ 

Blogger Tips and TricksLatest Tips And TricksBlogger Tricks
Blogger Tips and TricksLatest Tips And TricksBlogger Tricks Related Posts Plugin for WordPress, Blogger...
My Blogger TricksAll Blogger TricksTechtunes

© 2015 A2A ONLINE SHARING, AllRightsReserved.

Designed by သုတ​ဇော်